"လက်မှုလယ်ယာမှစက်မှုလယ်ယာပြောင်းလဲဖို့နယူးဟော်လန်လယ်ထွန်စက်များကိုသုံးကြစို့"
  • T7. Series From Brazil

    T7. Series From Brazil

  • TS6. Series From Mexico

    TS6. Series From Mexico

  • T6. Series From UK

    T6. Series From UK

  • T5. Series From Italy

    T5. Series From Italy

  • TD Series From Turkey

    TD Series From Turkey

  • TD5. Series From Turkey

    TD5. Series From Turkey

  • TT4. Series From India

    TT4. Series From India

  • TT Utility Series From India

    TT Utility Series From India

  • TT Compact Series From India

    TT Compact Series From India

  • TCR Series From Korea

    TCR Series From Korea

  • TDD Series From Turkey

    TDD Series From Turkey

နယူးဟော်လန် စိုက်ပျိုးရေးသုံးပစ္စည်း။ ။ကမ္ဘာ့ဦးဆောင်သူ

နယူးဟော်လန်စိုက်ပျိုးရေးသုံးပစ္စည်းများသည် ကမ္ဘာအနှံ့အပြား အမှန်တကယ်အသုံးပြုလျှက်ရှိသော အမှတ်တံဆိပ်တစ်ခုဖြစ်ပါ
သည်။ကမ္ဘာတစ်ဝှမ်းလုံးရှိစိုက်ပျိုးမှုပုံစံများပြောင်းလဲလာစေရန် ကုမ္ပဏီ၏နားလည်ကျွမ်းကျင်မှုနှင့် အတွေ့အကြုံရှိမှုတို့ဖြင့်ပေါင်း
စပ်ထုတ်လုပ်လျှက် ရှိပါသည်။ ၁၉၈၅ ခုနှစ်ကတည်းက နယူးဟော်လန်သည် ကမ္ဘာတစ်ဝှမ်း အသုံးပြုနိုင်သော နည်းပညာဖြင့်သာ
အာရုံစိုက်ထုတ်လုပ်လာခဲ့သည်။ သို့မှသာ ဖွံဖြိုးဆဲနိုင်ငံများ၏ စိုက်ပျိုးရေးအခန်းကဏ္ဍများတွင် အထောက်အပံပေးနိုင်မည်ဖြစ်ပါ
သည်။ ၂၀၁၆ ခုနှစ်တွင် သန့်ရှင်းသော စွမ်းအင်အသုံးပြုရာတွင် ဦးဆောင်နိုင်သူ (Clean Energy Leade) ဖြစ်လာခဲ့ပါသည်။ မြန်
မာနိုင်ငံတွင်၂၀၁၂ ခုနှစ်ကစတင်ပြီး (Yoma Strategic Holdings Limited) ၏အစိတ်အပိုင်းတစ်ခုဖြစ်သော တောင်သူကြီးလယ်
ထွန်စက်ကုမ္ပဏီ (Convenience Prosperity Co., Ltd) အဖြစ် SPA အုပ်စုနှင့် အကျိုးတူပူးပေါင်း ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
ကမ္ဘာပေါ်တွင်လည်း နယူးဟော်လန်စက်များ ဝယ်ယူသုံးစွဲမှုသည်လည်း ကွန်ယက်သဖွယ် များပြားကျယ်ပြန့်လာပါသည်။ ဖြန့်ဖြူး
ရောင်းချမှု အပိုင်းတွင်လည်း ဖြန့်ဖြူးသူ (၃၀ဝ၀)  အခိုင်အမာရရှိထားပြီး ဝယ်ယူသုံးစွဲသော နိုင်ငံပေါင်း (၁၇၀) ရှိပါသည်။ ဖြန့်ဖြူး
ရောင်းချသူများနှင့် စက်ဝယ်ယူသုံးစွဲသူများ၏လယ်ယာစီးပွားရေးလုပ်ငန်းမှာလည်း အောင်မြင်မှုရစေရန် ၎င်တို့လိုအပ်သောအကြံ ပေးမူများ၊ စက်ပစ္စည်းထုတ်ကုန်များနှင့် ဝန်ဆောင်မူလုပ်ငန်း များကိုလည်း တိကျမှန်ကန်စွာ ဆောင်ရွက်ပေးလျှက်ရှိသည်။

ကုမ္ပဏီ၏ တန်ဖိုးထားသော စံသတ်မှတ်ချက်များ

  • တီထွင်ဆန်းသစ်ပြောင်းလဲခြင်း၊
  • ထိုးထွင်းပြောင်းလဲနိုင်စွမ်းနှင့်
  • အဆင့်အတန်းမှီသောသတ်မှတ်ချက်များ

တီထွင်ဆန်းသစ်ပြောင်းလဲခြင်း

တီထွင်ဆန်းသစ်ပြောင်းလဲမူတွင်နေ့စဉ် လုပ်ဆောင်လျှက်ရှိသော လုပ်ငန်းများမြန်ဆန်လာခြင်း ရှင်သန်နေထိုင်မူ ပုံစံနှင့် ရှေးရေးကို ကြိုတင်မြင်နိုင်စွမ်းရှိလာပါမည်။ ထုတ်လုပ်လျှက်ရှိသောစက်များ၏ အရည်အ သွေးသည်လည်း ကျဆင်းမူမရှိပဲ အစဉ်တိုးတက် ဆန်းသစ် နေပါသည်။

ထိုးထွင်းပြောင်းလဲနိုင်စွမ်း

ယနေ့ထက်တိုင် နယူးဟော်လန်မှ ထုတ်လုပ်ခဲ့သော ပစ္စည်းမှန်သမျှ မှတ်ကျောက်တင်ထားနိုင်မူမှာ အကောင်း ဆုံးဖြစ်သောနည်းစနစ်များဖြင့် ချဉ်းကပ်ထုတ်လုပ်ထားခြင်း၊ ကတိပေးထားပြီးသည့် အတိုင်းဆောင် ရွက်ပေးခြင်း နှင့် စိတ်ရင်းစေတနာ အမှန်ဖြင့် အမြင့်ဆုံး လုပ်ကိုင်ဖော်ဆောင်ထားခြင်းသာ ဖြစ်သည်။ အခွင့်အရေးအသစ်များ အလျှင်အမြန်ဖမ်းဆုပ်နိုင်ရန် အမြဲမျက်စိဖွင့်၊ နားစွင့်နေကာလက်ရှိအနေအထားပေါ် တွင်လည်း အလေးအနက်ထားလျှက်ရှိပါသည်။

အဆင့်အတန်းမှီသောသတ်မှတ်ချက်

နယူးဟော်လန်မှ ထုတ်လုပ် ထားသော စက်များသည် စက်တစ်မျိုးနှင့်တစ်မျိုး ကွဲပြားခြားနားသော ပုံသဏ္ဍန်နှင့် အရည်အသွေး ထူးခြားမူလည်းရှိသည်။ ဆိုလိုသည်မှာ စက်ပစ္စည်းထုတ်လုပ်နိုင်မူ စွမ်းအားကျယ်ပြန့် ခြင်း၊ နည်းပညာနှင့် ပတ်သတ်သောအသိပညာအတတ်ပညာနှင့် အသုံးပြုရလွယ်ကူသော နည်းစနစ်များအသုံးပြုထားခြင်း၊ ဈေးနှန်းနှင့် ပစ္စည်းကိရိယာများ အကောင်းဆုံးနှင့် အသင့်တော်ဆုံး အချိုးညီညီသတ် မှတ်ထားရှိခြင်းတို့ဖြစ်ပါသည်။ ထို့ကြောင့်စိုက်ပျိုးရေးတွင် အဆင့်အတန်းမှီ အရည်အသွေးပြည့်မှီသော အကောင်းဆုံးစက်ကြီးများဖြစ်ပါသည်။

 

Read More


Head Office

Address : No.1159, FMI City, Gate (2), Yangon - Pathein Main Road, Hlaing Thar Yar Township, Yangon Division.
Phone : 01-687002, 687881, 0973070830, 09250170082

Let's stay in touch

Quick links

Find the last offers by SkyBet at www.bettingy.com BettingY.com Bonuses