(၁) စက်နာရီပေါင်း ၃၀၀ ကြာမောင်းနှင်ပြီးသည့်နောက် (သို့မဟုတ်) လေစစ်ပိတ်ဆို့နေသည်ဟု အချက်ပြမီး ဒိုင်ခွက်တွင်ပေါ်လာပါက အပြင်လေစစ်ကို သန့်ရှင်းရေးပြုလုပ်ပေးရန်။ အပြင်လေစစ်အား ၃ ခါ သန့်ရှင်းရေးပြုလုပ်ပြီးသည့် နောက်ပိုင်း (သို့မဟုတ်) စက်နာရီပေါင်း ၉၀၀ ကြာမောင်းနှင်ပြီးသည့်နောက်ပိုင်းတွင် အပြင် လေစစ်အား အသစ်တစ်ခုဖြင့် လဲလှယ်အသုံးပြုရမည်။
(၂) လေစစ်အိမ်မှ အပြင်လေစစ်အား ဖြေးညှင်းစွာ ဆွဲယူှ၍ ဌင်းအပြင်လေစစ်အား သန့်ရှင်းရေးပြုလုပ်ပေးရန်။
(၃) အပြင်လေစစ်အား အတွင်းမှ အပြင်သို့ (အများဆုံးလေဖိအား ၁.၃ ဘား (သို့မဟုတ်) ၂၀ PSI) ဖြင့်သာလျှင် လေမှုတ်ခြင်း ဖြင့် သန့်ရှင်းရေးပြုလုပ်ရမည်။ အပြင်မှအတွင်းသို့ လေမှုတ် ခြင်းအား လုံးဝမပြုလုပ်ရပါ။
(၄) အပြင်လေစစ်အား သန့်ရှင်းရေးပြုလုပ်နေချိန်တွင် အတွင်းလေစစ်ကို (လုံး၀ လုံးဝ) မဖြုတ်ထားရပါ။ အပြင်လေစစ်အား၃ကြိမ် အစားထိုးပြီးနောက် (သို့မဟုတ်) စက်နာရီပေါင်း ၂၇၀၀ ကြာမောင်းနှင်ပြီးသည့်နောက်မှ သာလျှင် အတွင်းလေစစ် ကို အသစ်တစ်ခုဖြင့် လဲလှယ် အသုံးပြုရမည်။
(၅) အတွင်းလေစစ်အား လုံးဝသန့်ရှင်းရေးမပြုလုပ်ရပါ။
(၆) အပြင်လေစစ်၏ နှုတ်ခမ်းဝတွင်ရှိသော SEALING (စီးလင်း) ဧရိယာများ ကို သန်ရှင်းသော အဝတ်ဖြင့် သုတ်ပေးရမည်။
(၇) လေစစ်အဖုံးကိုပိတ်ရာတွင် လေစစ်အဖုံးလှိုင်းရှိလိုင်းများနှင့် ထပ်တူကျအောင် တိကျသေချာစွာ တပ်ဆင်ရမည်။ လေစစ် ကို AIR CLEANER အိမ်အတွင်းသို့ဖြေးညှင်းစွာ ထည့်ရမည်။ အတင်းအကျပ်ဖိထည့်ပါက လေစစ်အိမ်ကို ပျက်စီးစေပြီး အာမခံချက်ကိုပြယ်ပျက်စေနိုင်ပါသည်။ စက်နှိုးထားသည့်အချိန် တွင် ရေဆေးခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းများ မပြုလုပ်ရန်။
(၈) အတွင်းလေစစ်အားဖြုတ်ခြင်း နှင့် သန့်ရှင်းရေးပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်။ အသစ်တစ်ခု နှင့် အစားထိုးလဲလှယ်သည့် အချိန်မှသာလျှင် ဖြုတ်ရန်။ အတွင်း လေစစ်အားဖြုတ်၍ သန့်ရှင်းရေးပြုလုပ်ခြင်းအား သိရှိပါက ထွန်စက်၏အာမခံချက် ပြက်ပျယ်မည် ဖြစ်သည်။