အင်ဂျင်ဝိုင်စစ်ဆေးမှုပြုလုပ်သည့်အခါတိုင်း လုပ်ဆောင်ရမည့် အချက် (၈) ချက်

8849f-jpg.jpeg
အင်ဂျင်ဝိုင်အမှတ် အနည်းဆုံးအမှတ်အောက် ရောက်တဲ့အချိန်မှာ စက်နှိုးလိုက်မိလျှင် အင်ဂျင်အစိတ်အပိုင်းတွေကို ပွန်းစားစေတတ်တဲ့အတွက်ကြောင့် နယူးဟော်လန်ထွန်စက်တွေကို နေ့စဉ် သို့မဟုတ် ၁၀ နာရီ အသုံးပြုမောင်းနှင်ပြီးတိုင်း အင်ဂျင်ဝိုင်စစ်ဆေးပေးသင့်ပါတယ်။ အင်ဂျင်ဝိုင်စစ်ဆေးမှုပြုလုပ်သည့်အခါတိုင်း အောက်ပါအချက် (၈) ချက် လုပ်ဆောင်သင့်ပါတယ်။
(၁) အင်ဂျင်ဝိုင်ဆီ အမှတ် level အားမစစ်မီ ထွန်စက်ကိုမြေပြင်ညီတွင်ထားပြီး အင်ဂျင်ရပ်ကာ ဆီများ ဆီခံခွက်တွင်းသို့ပြန်ရောက်ရန် အနည်းဆုံး (၅)မိနစ်စောင့်ပါ။
(၂) ဆီတိုင်းတုတ်အားထုတ်ယူကာ အဝတ်ဖြင့်သန့်ရှင်းပြီး ၎င်း၏မူလနေရာအပေါက်ထဲသို့ပြန်ထည့်၍ ဆီ level စစ်ပါ။
(၃) အကယ်၍ level သည် ပုံတွင်ပြထားသည့် “MIN” (အနည်းဆုံးအမှတ်) ထက် နည်းနေပါက ဆီအသစ်ဖြည့်ပေးပါ။
(၄) အင်ဂျင်ဝိုင်ဖြည့်သည့်အခါ “MAX” (အများဆုံးအမှတ်) ထက် ပိုမဖြည့်ပါနှင့်။
(ပိုနေသောဆီများသည် အချိန်တိုအတွင်းလောင်ကျွမ်းကာ ဆီစားနှုန်းအားများလာပါလိမ့်မည်။)
(၅) ဆီ level နိမ့်သောအခါ ဒက်ရှ်ဘုတ် (Panel) ပေါ်ရှိ သတိပေးမီးအနီရောင်လင်းနေပါလိမ့်မည်။
(၆) ဆီ level အနည်းဆုံးအမှတ် “MIN”အောက်ရောက်သောအခါ အင်ဂျင်အားလုံးဝမနှိုးသင့်ပါ။
(၇) အရည်အသွေးပြည့်ဝပြီး ဆီဂိတ်ပြည့်မီသည့်(15W40) အင်ဂျင်ဝိုင်အား အသုံးပြုပါ။
(၈) နယူးဟော်လန်မူရင်းအပိုပစ္စည်းဖြစ်သည့် ဆီတိုင်းတုတ်တွင် “MIN” အနည်းဆုံးအမှတ် နှင့် “MAX” အများဆုံးအမှတ် ပါရှိပါသည်။
 

 

လိပ်စာ:

အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၁)၊ အမှတ်(၅) လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ်:

09767122295, 09765488601, 09765488610