TD series

494b8-td-series-1.jpg
  • သုံးသပ်ချက်
  • အသေးစိတ်ဖော်ပြချက်
  • ပြခန်း

•  အသုံးပြုလွယ်ကှု၍ သက်တောင့်သက်သာမောင်းနှင်နိုင်မှု
TD လယ်ထွန်စက်အမျိုးအစားများထဲမှာ TD90 လယ်ထွန်စက်များတွင် အီတလီနိုင်ငံထုတ် (IVECO 8000 Series)တာဗိုအင်အင်ဂျင်အမျိုးအစားကို အသုံးပြုထားသည့်အတွက် မြင့်မားသောစွမ်းဆောင်ရည်ကို အလိုရှိသူများအတွက် ရွေးချယ်သင့်သောလယ်ထွန်စက်အမျိုးအစားဖြစ်ပါသည်။ ထိုအပြင် TD လယ်ထွန်စက်များတွင်အသုံးပြုထားသော ကလပ်ပြားသည် ကောင်းမွန်သော ဆဲလ်ရာမတ် သလစ် (Cerametallic) သတ္တူအမျိုးအစားကို အသုံးပြုထား သောကြောင့်အကြမ်းခံပြီး ပွတ်တိုက်မှုဒဏ်ကိုခံနိုင်၍ အချိန်ကြာမြင့်စွာအသုံးပြုနိုင်မည်ဖြစ်ပါသည်။
ထိန်းချုပ်အသုံးပြုမောင်းနှင်လွယ်ကူစေနိုင်ရန်၊ လျှင်မြန်စွာဂီယာအပြောင်းအလဲပြုလုပ်နိုင်ရန် နှင့် တစ်ဆက်တည်းဂီယာပြောင်းလဲခြင်းတို့ကို ပြုလုပ်နိုင် စေရန်အတွက် ဆိုက်ကရို ရှပ်တယ် (Synchro Shuttle) ကို တပ်ဆင်အသုံးပြုထားပါသည်။ ဂီယာပြောင်းလဲချိတ်ဆက်နိုင်မှုအဖြစ် အရှေ့(၁၂) ချက်၊ အ နောက် (၁၂) ချက် ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်ပါသည်။
နောက်တွဲချိတ်ဆက်အသုံးပြုနိုင်မှု
TD90 လယ်ထွန်စက်များတွင် နောက်တွဲချိတ်ဆက်အသုံးပြုနိုင်မှုအဖြစ် ၃.၅တန် (၃၅၆၅ ကီလိုဂရမ်) အထိချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုကြောင့် ကြီးမားသော နောက်တွဲကိရိယာများကိုလည်း စိတ်ချယုံကြည်စွာ ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
PTO   
PTO စံသတ်မှတ်ချက်အနေဖြင့် တစ်မိနစ်လျှင်လည်ပတ်နှုန်း အပတ်ရေ ၅၄၀ (540rpm) သတ်မှတ်ထားပါသည်။ ထို့အပြင် အခြားသော အရှိန်နှုန်းများဖြစ် သည့် တစ်မိနစ်လည်ပတ်နှုန်း အပတ်ရေ ၇၅၀ (750rpm/ 540Erpm) နှင့် တစ်မိနစ်လည်ပတ်နှုန်း အပတ်ရေ ၁၀ဝ၀ (1000rpm) များတွင်ပါရွေးချယ်အ သုံးပြုနိုင်မည်ဖြစ်ပါသည်။ထိုကြောင့် မည်သည့်နောက်တွဲကိရိယာနှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
ဆီစားနှုန်းသက်သာ၊ ဆူညံသံနည်းပါးပြီး စွမ်းဆောင်ရည်မြင့်ခြင်း
TD90လယ်ထွန်စက်များတွင်တာဗိုစနစ်၊ ရေအအေးခံစနစ်တို့ပါဝင်သော လေးလုံးထိုးဒီဇယ်အင်ဂျင်ကို တပ်ဆင်ထားပြီး၊မီးခိုးထုတ်လွတ်မှုတွင်လည်းလေ ထုညစ်ညမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျောနည်းစေသော (Tier-2) အဆင့်ရရှိစေရန်ထုတ်လုပ်ထားပါသည်။

Model : TD90 (ROPS), TD95 (ROPS)

ထုတ်လုပ်သည့်နိုင်ငံ   - တူရကီ

စလင်ဒါအရေအတွက် - ၄

လေဝင်စနစ်              - တာဘို

မြင်းကောင်ရေ/အင်ဂျင်အပတ်ရေ - ၉၈ / ၂၅၀၀ rpm

ဂီယာချက်                 - ၁၂*၁၂

 

 

Get Quotation

ဆက်စပ်ပစ္စည်းများ

လိပ်စာ:

အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၁)၊ အမှတ်(၅) လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ်:

09767122295, 09765488601, 09765488610