တောင်သူဦးကြီးတို့အနေဖြင့် မြင်းကောင်ရေ (၇၅) ကောင်အားရှိ နှစ်ဘီး/လေးဘီး မောင်းနှင်နိုင်သော လယ်ထွန်စက်ကို ဝယ်ယူရန် စဉ်းစားနေပါက နယူး ဟော်လန် TT75 လယ်ထွန်စက်အမျိုးအစားသည် အသင်တော်ဆုံးဖြစ်ပြီး အကောင်းဆုံးသော စွမ်းဆောင်ရည်ကို ပေး နိုင် သောလယ်ထွန်စက်ဖြစ်ပါသည်။ TT75 တွင် ထူးခြားသောစွမ်းရည်နှင့် နောက်တွဲကိရိယာများကို မတင်နိုင်မူချိတ်ဆွဲနိုင်မှုများတွင် တောင်သူဦး ကြီးတို့မျှော်လင့်ထားသည်များထက်ပိုမိုစွမ်းဆောင်နိုင်မည်ဖြစ်ပြီး ဆီစားနှုန်း သက်သာမှုရှိစေရန်လည်း ရည်ရွယ် ထုတ်လုပ် ထားပါသည်။ TT75လယ်ထွန်စက်အမျိုးအစားတွင်တောင်သူဦးကြီးတို့စိတ်တိုင်းကျ လေးဘီးမောင်းစနစ်နှင့် နှစ်ဘီးမောင်းစနစ်ကို ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပြီး မောင်းနှင်သူထိုင်ခုံအပေါ်တွင် အမိုးပါတပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်ပြီး အခြားသောအင်ဂျင်၊ ဂီယာ၊ ဟိုက်ဒရောလစ်စွမ်းဆောင်ရည်များသည် တောင်သူ ဦးကြီးတို့၏ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေး နိုင်မည် ဖြစ်ပါသည်။ဘက်စုံသုံး ဆီဘရိတ် TT75လယ်ထွန်စက်တွင် ရှေ့ဝန်ရိုး၌ ဘက်စုံသုံးမျက်နှာပြင်ကျယ်ပလိတ်ပြားနှင့်ဆီစနစ်သည် မောင်းနှင်သူ အတွက် လုံခြုံစိတ်ချရပြီးကောင်းမွန်သော ဘရိတ်စနစ်ကိုရရှိစေရန် ရည်ရွယ် ထုတ်လုပ် ထားပါသည်။နယူးဟော်လန် အင်ဂျင် နယူးဟော်လန် လယ်ထွန် စက်များတွင် ကမ္ဘာ့အသိအမှတ်ပြု နယူးဟော်လန်အင်ဂျင်ကို အသုံးပြုထား သောကြောင့် အကြမ်းခံ၊ စိတ်ချယုံကြည်ရပြီး မြင့်မား သောရုန်းအားကို ပေးစွမ်းနိုင်ကြောင်းသုံးစွဲသူတိုင်းက အသိအမှတ်ပြုခြင်းကိုရရှိထားပါသည်။
ဂီယာအုံဒီဇိုင်းနှင့် ဒက်ရှ်ဘုတ် မြင်းကွင်းကျယ် TT75 လယ်ထွန်စက်တွင် မောင်းနှင်သူအတွက် အဆင်ပြေသက်သာစွာမောင်းနှင်နိုင်ရန် တီထွင်ထုတ်လုပ်ထားပြီး၊ မောင်းနှင်နေချိန် တွင်လည်း ဂီယာ တံနှင့် အခြားသော ကိရိယာများကို အဆင်ပြေလွယ်ကူစွာ ကိုင်တွယ် မောင်နှင် အသုံးပြုနိုင်ရန်စိစဉ်ထားပါသည်။ ဒီဇိုင်းသစ်မြင်ကွင်းကျယ် ဒက်ရှ်ဘုတ်သည် လည်းမောင်းနှင်သူ၏ မြင်းကွင်းတွင်ရှင်းလင်းမြင်သာစွာ မြင့်တွေ့နိုင်စေရန် ဒီဇိုင်းပြုလုပ်ထားပါသည်။
Model : TT75
ထုတ်လုပ်သည့်နိုင်ငံ - အိန္ဒိယ
စလင်ဒါအရေအတွက် - ၄
လေဝင်စနစ် - တာဘို
မြင်းကောင်ရေ/အင်ဂျင်အပတ်ရေ - ၇၃ / ၂၃၀၀ rpm
ဂီယာချက် - ၈*၈ / ၁၂*၃
လိပ်စာ:
အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၁)၊ အမှတ်(၅) လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ်:
09767122295, 09765488601, 09765488610
© New Holland Myanmar | Designed by eTrade Myanmar