• ဆီစားနှုန်းသက်သာသော အဆင့်မြင့်အင်ဂျင်နည်းပညာ
TD5 လယ်ထွန်စက်အမျိုးအစားတွင် သဘာဝပတ်ဝန်းကျင်နှင့် လေထုညစ်ညမ်းမှုကို လျှော့ချပေးထားသော နည်းပညာကို အသုံးပြုထားပြီး နိုင်ငံတကာ သတ်မှတ်ချက် (Tier 3) အဆင့်ရှိသောအင်ဂျင်အမျိုးအစားဖြစ်သည် (8000 Series) အင်ဂျင်ကို အသုံးပြုထားပြီး၊၎င်းအင်ဂျင်အမျိုးအစားသည် မြင့်မား သောစွမ်းအင်နှင့် အကောင်းဆုံးသော အကျိုးသက်ရောက်မှုကိုပေးစွမ်းနိုင်သောအမျိုးအစားဖြစ်ပါသည်။ ထို့ကြောင့်မြင့်မားသော စွမ်းဆောင်ရည်ကိုဆီစားနှုန်းအသက်သာဆုံးအခြေအနေနှင့်ပေးစွမ်းနိုင်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်စေသော ဓါတ်ငွေ့ထုတ်လွှတ်မှုကို လျှော့နည်းစေမည်ဖြစ် ပါသည်။
စွမ်းအားမြင့် မြင်းကောင်ရေ ၁၁၀
TD5 လယ်ထွန်စက်အမျိုးအစားများထဲမှာ အသစ်ဖြစ်သော TD5.110 လယ်ထွန်စက်အမျိုးအစားသည် မြင်းကောင်ရေ၁၁၀ ကောင်အားရှိပြီး နိုင်ငံတကာ ရှိ စိုက်ပျိုးရေးလုပ်ငန်းရှင်တိုင်း၏ စိတ်ကျေနပ်မှုကိုရရှိထားပြီး ပေါ့ပါးခိုင်ခံသောလယ်ထွန်စက်ဖြစ်ပါသည်။ထို့အပြင်မြင့်မားသောစွမ်းဆောင်ရည်ကြောင့် တောင်သူဦးကြီးတို့၏ စိုက်ပျိုးရေးလုပ်ငန်းများကို အကျိုးသက်ရောက်မှုများစွာ ရှိစေမည်ဖြစ်ပါသည်။
သက့်တောင့်သက်သာမောင်းနှင်နိုင်ခြင်းနှင့် ရှင်းလင်းစွာမြင်နိုင်မှု
TD5 လယ်ထွန်စက်အမျိုးစားတွင် မောင်းနှင်သူ၏ပတ်ဝန်းကျင်ကို အဆင်ပြေလွယ်ကူစွာမောင်းနှင်နိုင်ရန်နှင့် ကိရိယာများကိုအဆင်ပြေလွယ်ကူစွာအသုံးပြုနိုင်စေရန်တီထွင်ထုတ်လုပ်ထားပြီးတိုးတက်တီထွင် ထုတ်လုပ်ထား မှုအနေဖြင့် ဘေးပတ်ဝန်း ၃၆၀ဒီဂရီမြင် နိုင်အောင်ပြုလုပ်ထားပါသည်။ စက်သံ ဆူညံမှုကိုလည်းလျှော့ချထားပြီး ကိရိယာများကိုလည်းထိန်းချုပ် ရလွယ်ကူစေရန် ဒီဇိုင်းထုတ်လုပ်ထားပါသည်။ TD5လယ်ထွန်စက် အမျိုးအစား သည်မောင်းနှင်သူကိုသက်တောင့်သက်သာဖြင့်အချိန်ကြမြင့်စွာမောင်းနှင်စေနိုင်ပြီးစိတ်ကျေနပ်မှုကို အပြည့်အဝ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
စွမ်းဆောင်ရည်ကောင်းမွန်သော ဂီယာပြောင်းလဲမှုစနစ်
TD5လယ်ထွန်စက်အမျိုးအစားတွင် တပ်ဆင်ထားသောပါဝါဂီယာပြောင်းလဲမှုစနစ်သည် လယ်ထွန်စက် ဖြင့်တွဲဖက် အသုံးပြုရသော အရာဝတ္တူများ အတင် / အချ ပြုလုပ်သည် လုတ်ဒါ (Loader) အသုံးပြုသည်လုပ်ငန်းတွင် အထူးတိကျကောင်းမွန်စေမည်ဖြစ်သည်။ ထို့အပြင်အခြားသော စိုက်ပျိုးရေးလုပ်ငန်း များတွင်လည်းကောင်းမွန်စွာလုပ်ဆောင်နိုင်မည်ဖြစ်ပြီးလယ်ယာလုပ်ငန်းများကို လျှင်မြန်စွာ လုပ်ကိုင်ဆောင်ရွက် နိုင်မည်ဖြစ်သည်။
နယူးဟော်လန် လုတ်ဒါ (Loader)
နယူးဟော်လန်စက်ရုံမှ အသစ်ထုတ်လုပ်လိုက်သော နယူးဟော်လန် လုတ်ဒါ (Loader) သည် TD5 လယ်ထွန်စက်အမျိုးအစားအတွက် အဓိကထားထုတ် လုပ်ထား ခြင်းဖြစ်ပါသည်။ ထို့ကြောင့် TD5 လယ်ထွန်စက်သည် လုတ်ဒါ (Loader) လုပ်ငန်းများဆောင်ရွယ်ရန်အတွက် အထူးကောင်းမွန်သော လယ်ထွန် စက်အမျိုးအစားဖြစ်ပါသည်။
Model : TD5.110 (ROPS), TD5.110 (Cabin)
ထုတ်လုပ်သည့်နိုင်ငံ - တူရကီ
စလင်ဒါအရေအတွက် - ၄
လေဝင်စနစ် - တာဘို/အင်တာကူလာ
မြင်းကောင်ရေ/အင်ဂျင်အပတ်ရေ - ၁၁၀ / ၂၃၀၀ rpm
ဂီယာချက် - ၁၂*၁၂
လိပ်စာ:
အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၁)၊ အမှတ်(၅) လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
ဖုန်းနံပါတ်:
09767122295, 09765488601, 09765488610
© New Holland Myanmar | Designed by eTrade Myanmar