TT4. Series

913ad-tt4.-series-overiview.jpg.png
  • သုံးသပ်ချက်
  • အသေးစိတ်ဖော်ပြချက်
  • ပြခန်း

•  မြင့်မားသောစွမ်းဆောင်ရည်နှင့် ကျေနပ်ဝမ်းမြောက်ဖွယ်လုပ်ငန်းတွင်ကျယ်မှု
နယူးဟော်လန် TT4.Series အမျိုးအစားသည် အကြမ်းခံနိုင်ရည်ရှိပြီးမြင့်မားသော စွမ်းဆောင်ရည်ကို ပေးနိုင် စေရန်အဓိကထား စမ်းသပ်ထုတ်လုပ်ထားပါသည်။ အင်ဂျင်အမျိုးအစားကိုလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းပါးအောင်ပြုလုပ်ထားပြီး ဂီယာပြောင်းလဲချိတ်ဆက်နိုင်မှုကိုလည်း များစွာ ပြောင်းလဲအသုံးပြုနိုင်ပါသည်။ ရုန်းအားလိုအပ်သောနေရာများတွင် လေးဘီးမောင်းနှင်နိုင်ခြင်းဖြင့်စွမ်းအားများကို ပိုမိုထုတ်လုပ်ပေး နိုင်မည်ဖြစ်ပါသည်။ နောက်တွဲချိတ်ဆက်နိုင်မှု အနေဖြင့်လည်းစွမ်းဆောင်ရည်မြင့် ဟိုက်ဒရောလစ်စနစ် ပါရှိသောကြောင့် အမျိုးမျိုးသော နောက်တွဲကိရိယာများကို တောင်သူဦး ကြီးတို့၏နေ့စဉ်လုပ်ငန်းခွင်၌ အဆင်ပြေလွယ်ကူစွာချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။
    
နယူးဟော်လန် TT4. 90 လယ်ထွန်စက်တွင် အသုံးပြုထားသော အင်ဂျင်သည် အမြင့်မားဆုံးသော စွမ်းဆောင်ရည်ကိုပေးနိုင်ပြီးဆီစားနှုန်းသက်သာစေရန် အထူးတီထွင်ထုတ်လုပ် ထားခြင်းဖြစ်ပါသည်။ ထို့အပြင် အင်ဂျင်ရုန်းနိုင်အားကို ပိုမိုကောင်းမွန်စေရန် တာဗိုစနစ်တပ်ဆင်ထားပြီး လေအအေးခံနည်းပညာ ကိုပါထည်သွင်း အသုံးပြုထုတ်လုပ်ထားပါသည်။ အင်ဂျင်ပါ ဝါနှင့် ရုန်းအားကောင်းမွန်စေရုံအတွက်သာမကဘဲ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု အနည်း ဆုံးဖြစ်စေရန် ရည်ရွယ်ထုတ်လုပ်ထားသော အင်ဂျင်များ တပ်ဆင်ထားပါသည်။
ကောင်းမွန်သော ဂီယာစနစ်   
ဂီယာချိတ်ဆက်မှုစနစ်တွင်လည်း မောင်းနှင်အသုံးပြုသူကို လွယ်ကူစွာအသုံးပြုနိ်င်ရန်နှင့် အရာဝတ္တူများကို ရှေ့ဂေါ်(Loader)ဖြင့်အတင်အချပြုလုပ် ရာတွင် စတီယာရင်ကို လက်လွက်ရန်မလိုဘဲ အလွယ်တကူတစ်ပြိုင်နက် ရှေ့တိုးနောက်ဆုတ်ပြုလုပ်နိုင်စေသောဂီယာစနစ်နှင့်နောက်တွဲဝန်ကိုအဆင် ပြေလွယ်ကူစွာ တင်ချပြုလုပ်နိုင်သော Lift-O-Matic  နည်းပညာဖြင့်ဖွဲစည်းတည်ဆောက်ထားပါသည်။
ဟိုက်ဒရောလစ်စွမ်းဆောင်ရည်နှင့် ရွေးချယ်နိုင်သော PTO အပတ်ရေ
နောက်တွဲချိတ်ဆက်နိုုင်မှုတွင်လည်း ကောင်းမွန်သောဟိုက်ဒရောလစ်စနစ်ကို တပ်ဆင်ထားခြင်းဖြင့် တောင်သူဦးကြီးတို့၏ လယ်ယာမြေနှင့် ကိုက်ညီမှုရှိ သော နောက်တွဲကိရိယာများကို ချိတ်ဆွဲနိုင်မည်ဖြစ်ပြီး၊ ပါဝါမြင့်သောနောက်တွဲကိရိယာများကို ချိတ်ဆက်အသုံးပြုရာတွင်လည်း အင်ဂျင်လည်ပတ်နှုန်းအနှေးဖြင့် မောင်းနှင် နေသည်အချိန်တွင်လည်း Economy PTO ဖြင့် ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် နေ့စဉ်လုပ်ငန်းခွင်အတွင်း နောက်တွဲပစ္စည်း အမျိုးမျိုးဖြင့် စိတ်ကြိုက်သုံးစွဲနိုင်မည်ဖြစ်ပါသည်။

ဆန်းသစ်သောဒီဇိုင်းနှင့် သက်သာစွာမောင်းနှင်နိုင်သောအနေအထား
တောင်သူဦးကြီးအတို့အနေဖြင့် လယ်ထွန်စက်ကို အချိန်ကြာရှည်စွာမောင်းနှင် ထွန်ယက်ကြရသည်ဖြစ်၍ မောင်းနှင်နေချိန်တွင် သက်သာစွာမောင်းနှင်နိုင် စေရန် နယူးဟော်လန် TT4.90 လယ်ထွန်စက်တွင် မောင်းနှင်သူနေရာအား အထူးဒီဇိုင်းတီထွင်ထုတ်လုပ်ထားပါသည်။ ထို့အပြင်မြင်ကွင်းကျယ်စက် မောင်းထိုင်ခုံ၊ ပါဝါမြင့် ကြောင်မျက်လုံးစတိုင် မီးသီးကြီးများနှင့် စွမ်းရည်မြင့်မား စတိုင်ကျသောနယူး ဟော်လန် TT4.90 လယ်ထွန်စက်ဖြစ်ပါသည်။

Model : TT4.75

ထုတ်လုပ်သည့်နိုင်ငံ   - အိန္ဒိယ

စလင်ဒါအရေအတွက် - ၄

လေဝင်စနစ်              - ရိုးရိုးလေဝင်စနစ်

မြင်းကောင်ရေ/အင်ဂျင်အပတ်ရေ - ၇၅ / ၂၃၀၀ rpm

ဂီယာချက်                 - ၁၂*၁၂

 

Model : TT4.90

ထုတ်လုပ်သည့်နိုင်ငံ   - အိန္ဒိယ

စလင်ဒါအရေအတွက် - ၄

လေဝင်စနစ်              - တာဘို/အင်တာကူလာ

မြင်းကောင်ရေ/အင်ဂျင်အပတ်ရေ - ၈၈ / ၂၃၀၀ rpm

ဂီယာချက်                 - ၁၂*၁၂



 

Get Quotation

ဆက်စပ်ပစ္စည်းများ

လိပ်စာ:

အမှတ် (၁၁၅၉)၊ ဂိတ်အမှတ် (၁)၊ အမှတ်(၅) လမ်းမကြီး၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

ဖုန်းနံပါတ်:

09767122295, 09765488601, 09765488610